Online Webinar ဖိတ်ကြားခြင်း 📣
🔸🔸🔸🔸🔸🔸
“၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ နှင့် လူငယ့်အသံ ” ဟူသော ခေါင်းစဉ်ဖြင့် ကျွန်ုပ်တို့ Peacock Generation Youth Empowerment Society အဖွဲ့သည် Online Webinar တစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
Online Webinar တွင် စစ်ကိုင်းတိုင်း လူငယ်ရေးရာကော်မတီကိုယ်စားပြုလူငယ်တစ်ဦး၊ ကျောင်းသားသမဂ္ဂကိုယ်စားပြု လူငယ်တစ်ဦး၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားပြု လူငယ်တစ်ဦး၊ First time Voter ကိုယ်စားပြု လူငယ်တစ်ဦး နှင့် PGYES အဖွဲ့မှ လူငယ်တစ်ဦး တို့မှ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းသား/သူများ၊ အခြားစိတ်ပါဝင်စားသူလူငယ်များကို ပါဝင်ဆွေးနွေးကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဦးဆောင်ဆွေးနွေးမည့်သူများ
- မဝေဝေထွန်း (ဟုမ္မလင်း လူငယ်ကွန်ရက်)
- မချောစုစံ (မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ)
- စစ်ရိပ် (ကလေးခရိုင်လူငယ်ရေးရာကော်မတီ)
- ကိုထက်အောင်ခန့် (First time Voter)
Moderator
ကိုခန့်ဝေဖြိုး ( PGYES )
နေ့ရက် – 9-10-2020 (သောကြာနေ့)အချိန် – 7:00 Pm – 9:00 Pmနေရာ – Zoom (meeting ID နှင့် Passcode ကို ထပ်မံပေးပို့ပါမည်)
ဆွေးနွေးပွဲကို Peacock Generation Youth Empowerment Society Page တွင် တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်သည်။
တက်ရောက်ဆွေးနွေးလိုသူများအနေဖြင့် အောက်ပါ link တွင် ဝင်ရောက်စာရင်းပေးသွင်းနိုင်ပါသည်။
(၅၀) ဦးသာ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
link တွင် ဝင်ရောက်စာရင်းပေးရန် အခက်အခဲ ရှိပါကPage Messenger သို့ ဆက်သွယ်၍ သော်လည်းကောင်း
(သို့)
ကိုစွမ်းထက်ဦး ( Program Officer )
☎ဖုန်း ၀၉ – ၇၈၃ ၁၃၁ ၇၄၁၊၀၉ – ၆၈၉ ၅၄၃ ၂၄၀ ထံ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။
📌
ဆွေးနွေးပွဲပြီးဆုံးသည့်အချိန်တွင် တက်ရောက်သူများကို Internet Fees ပေးပို့သွားပါမည်။
ယခု Post ၏ Comment တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် သင့်ရဲ့ စကားတစ်ခွန်းကို ရေးသွား စေလိုပါသည်။