Jobs

Call for Speakers – 2

“အစိုးရသစ် က ဆောင်ရွက်ရမယ့် လူငယ့်ရေးရာမူဝါဒ အကောင်အထည်ဖော်ရေး”အဆိုပြုလွှာများ ခေါ်ယူခြင်း

မူဝါဒ ဆိုတာ ဘာလဲ၊ မူဝါဒ အကောင်အထည်ဖော်မှုကို ဘယ်လို ဆောင်ရွက်သင့်သလဲ၊ လက်ရှိ လူငယ်ရေးရာ မူဝါဒနဲ့ ဆက်စပ်ပြီး ဘယ်လိုအခက်အခဲတွေ ရှိနေသလဲ၊ နောက်အစိုးရလက်ထက်ကျရင် ဘာတွေ မဖြစ်မနေ ဆောင်ရွက်ရမလဲ ဆိုတဲ့အချက်တွေအပေါ် လူငယ်တွေ အမြင်တွေ၊ သုံးသပ်ချက်တွေ ဖော်ထုတ်ကြပါမယ်။

စိတ်ပါဝင်စားတဲ့ လူငယ်တွေကို ပါဝင်အဆိုပြုပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။ အဆိုပြုလွှာများကို အောက်တိုဘာလ (၁၁) ရက် (တနင်္ဂနွေနေ့) ည ၁၂ နာရီ နောက်ဆုံးထားပြီး တင်ပေးကြရမှာ ဖြစ်ပါတယ်။

ပါဝင် ဖို့ အဆိုပြုပြီး ရွေးချယ်ခံရတဲ့ လူငယ်များကတော့ Mizzima TV 📺 မှာ ထုတ်လွှင့်မယ့် Under 30 Dialogue မှာ ဝင်ရောက်ပါဝင်ဆွေးနွေးရမှာ ဖြစ်ပြီး မိမိယုံကြည်ရာ၊ ဆွေးနွေးလိုတဲ့အကြောင်းအရာကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပါတီများနှင့် အများပြည်သူ သိရှိနိုင်ဖို့၊ လူငယ်များ လေ့လာနိုင်ဖို့ ဝေမျှခွင့်ရမှာဖြစ်ပါတယ်။

ပါဝင်ဖို့အတွက် –

လူငယ်တွေဟာ အောက်ပါ form မှာ ဆွေးနွေးလိုတဲ့ အဓိက အကြောင်းအရာ နှင့်စိတ်ပါဝင်စားမှုကို အတိုချုံး ရေးသားပေးရမှာဖြစ်ပါတယ်။

ပါဝင်ရမယ့် လူငယ်တွေဟာ –

🍂 အဆိုပြုလွှာ တင်ချိန်မှာ အသက်(၃၀) နှင့် အောက် ဖြစ်ရမှာဖြစ်ပါတယ်။ (Under 30 Dialouge တွင် ပါဝင်ဆွေးနွေးထားပြီးသား လူငယ်စပီကာများ ဝင်ရောက်လျှောက်ထားခွင့်မရှိပါ)
🍂 ခေါင်းစဉ်အတွက် စိတ်ပါဝင်စားမှု နဲ့ ဆန်းသစ်တဲ့ အတွေးအမြင်ကို အဓိက ဖော်ပြနိုင်သူ ဖြစ်ရမှာဖြစ်ပါတယ်။
🍂 Online ပေါ်က ဆွေးနွေးပေးရမှာ ဖြစ်လို့ မည်သည့် အရပ်ဒေသက လူငယ်မဆို ပါဝင်နိုင်ပါတယ်။
🍂 Under 30 Dialogue ရဲ့ တန်ဖိုးထားမှုများနဲ့ ကိုက်ညီတဲ့ ဆွေးနွေးချက်မျိုး ရှိသူဖြစ်ရပါမယ်။
🍂 လူငယ်ရေးရာမူဝါဒ ၏ လက်ရှိအခြေအနေများကို ထိစပ်သိရှိနေပြီး အစိုးရအဖွဲ့အသစ်အား အကြံကောင်းများ မျှဝေချင်တဲ့ မည်သည့်လူငယ်မဆို ဖိတ်ခေါ်ပါတယ်။အဖွဲ့အစည်း အတွေ့အကြုံ၊ ရွေးကောက်ပွဲ အတွေ့အကြုံ ရှိရန်မလိုအပ်ပါ။

လူနည်းစု တိုင်းရင်းသားများ၊ လူနည်းစု ဘာသာဝင်များ ၊ အမျိုးသမီးငယ်များ၊ မသန်စွမ်းလူငယ်များ နှင့် LGBTIQ လူငယ်များကို အဆိုပြုကြဖို့ ဦးစားပေး တိုက်တွန်းပါတယ်။

ရွေးချယ်ခံရသူတွေကို မည်သည့်အချိန်၊ နေ့ရက်တွင် ရိုက်ကူးမည်ကို တပါတ် ကြိုတင်အကြောင်းကြားပါမယ်။

https://forms.gle/FLEbxk2Vi8Uyfw7e9